Connect with us

Hi, what are you looking for?

ဗီဒီယို

တာလီဘန် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကဘူးလ်ထိ

အာဖဂန် နစ္စတန် နိုင်ငံရဲ့ ဒေသတချို့မှာ ပေါ်ပေါက်ခဲ့တဲ့ တာလီဘန် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ အခုအခါမှာ ကဘူးလ် မြို့တော်ထိ ရောက်ရှိလာခဲ့ပါတယ်။

ကဘူးလ် အပါအဝင် နိုင်ငံရဲ့ အဓိက မြို့ကြီးတွေကို တာလီဘန် စစ်သွေးကြွတွေက ထိန်းချုပ်လိုက်တဲ့နောက် အာဖဂန် သမ္မတ အက်ရှ်ရက်ဖ် ဂါနီဟာ ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။ အာဖဂန်က အမေရိကန် စစ်တပ်တွေ ပြန်လည် ရုပ်သိမ်းပြီး လပိုင်း အကြာမှာပဲ တာလီဘန်တွေက တစ်နိုင်ငံလုံးနီးပါးကို ပြန်လည် သိမ်းပိုက်ခဲ့တာပါ။

အဲဒီနောက်ပိုင်း အာဖဂန်က မြို့ရွာတော်တော်များများမှာ တာလီဘန် အုပ်စိုးမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ ဩဂုတ် ၁၉ ရက်မှာတော့ တာလီဘန်တွေကို အလိုမရှိကြောင်း ကဘူးလ် မြို့ခံတွေ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ကဘူးလ်က ဆန္ဒပြပွဲတွေနားမှာ သေနတ်သံတွေ ကြားခဲ့ရပေမယ့် မျက်မြင်တွေကတော့ ဒါဟာ တာလီဘန်တွေက လေထဲကို သေနတ်တွေ ခြောက်လှန့် ပစ်ဖောက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံ အရှေ့ပိုင်းက အဆာဒါဘက် မြို့မှာတော့ တာလီဘန်တွေက ပစ်သတ်လို့ ဆန္ဒပြသူတချို့ သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တာလီဘန်တွေဟာ အာဖဂန်ကို စိုးမိုး သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပေမယ့် ပြည်သူလူထုကြားမှာ တင်းတင်းမာမာ ဆန့်ကျင်လိုတဲ့ အခြေအနေတွေ ပေါ်ပေါက်နေတာကို ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားနေရဆဲပါ။

လေ့လာသူတွေက တာလီဘန် အကြီးအကဲတွေဟာ ဩဂုတ် ၂၀ ရက်၊ သောကြာနေ့ ဝတ်ပြုတဲ့ အစီအစဉ်မှာ တစ်နိုင်ငံလုံး စည်းလုံး ထောက်ခံကြဖို့ မိန့်ခွန်းပြောဖွယ် ရှိကြောင်း သုံးသပ်ကြပါတယ်။ တာလီဘန်တွေဟာ အာဖဂန်ကို အမေရိကန် ကျူးကျော် စစ်မပြုခင် ၂၀၀၁ ခုနှစ်ထိ နိုင်ငံကို အုပ်ချုပ်ခဲ့ဖူးပါတယ်။ တာလီဘန်တွေက တင်းကျပ်လွန်းတဲ့ ဘာသာရေး စည်းမျဉ်းတွေကို ကျင့်သုံးပြီး လူ့အခွင့်အရေး ချိုးဖောက်တာ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်တာ၊ ရက်စက်တဲ့ တရားစီရင်ရေးတွေ လုပ်ဆောင်တာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိ​ကြောင်းသက်​သေပြဖို့ ​၊မြစ်ဆုံစီမံကိန်းချက်ချင်းရပ်ရန် ဆန္ဒထုတ်​ဖော်

နိုင်ငံတကာ

အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြန်လည် စတင်လာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ သေဆုံးမှု အရေအတွက်ဟာ ၅၀၀၀ ကျော်ထိ များပြားခဲ့ကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။