Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကိုဗစ်လက္ခဏာခပ်ပါးပါးပဲခံစားခဲ့ရသူ​တွေမှာ Antibody အတော်လေး နည်းပါတယ်

ဒီတော့ ကမ္ဘာကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာ နေထိုင်သူ ဖြစ်ပါစေ၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကို ဆက်ပြီး လိုက်နာ၊ ကာကွယ်ဆေးလည်း ထိုးထားရင် အကောင်းဆုံးပါပဲ။ ဒါမှသာ ကိုယ့်ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းမှာ ရောဂါ ကူးစက် ပျံ့နှံ့မှုနှုန်းကို လျော့ကျသွားစေမှာ ဖြစ်ပါတယ်။

WHO Scientist အဖွဲ့ ​ခေါင်း​ဆောင် ​ဒေါက်တာ ​စောမြစွမ်မနသန်က WHO Science in 5 အစီအစဥ်မှာ​ဖြေကြားထားတာဖြစ်ပါတယ်။

Covidရောဂါ ဖြစ်ပြီးတဲ့ သူတွေဟာ ကာကွယ်ဆေး ထိုးဖို့ လိုသလား၊ တကယ်လို့ ဆေးထိုးမယ် ဆိုရင်လည်း ရောဂါပျောက်ပြီး ဘယ်လောက်အကြာမှာ ထိုးသင့်သလဲ ဆိုတာတွေက Covid လူနာဟောင်းတွေ အတော်များများ သိချင်နေတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

ရောဂါ ဖြစ်ပွားပြီးတဲ့ သူတွေမှာ ရောဂါကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအား လှုံ့ဆော်မှုမျိုး ရရှိသွားပါတယ်။ ဒါပေမဲ့ အဲဒီလို တုံ့ပြန်မှုမျိုး ထွက်ပေါ်ရာမှာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ပြီးတော့ ရောဂါ ဖြစ်ချိန်က အပျော့စား ဝေဒနာတွေပဲ ခံစားရသလား၊ ပြင်းထန်ခဲ့သလားဆိုတဲ့ အချက်တွေ အပေါ်မှာလည်း မူတည်နေပြန်ပါတယ်။

ဥပမာ အနေနဲ့ သုတေသန စစ်တမ်း တော်တော်များများကို လေ့လာကြည့်တဲ့အခါ ရောဂါ လက္ခဏာ မပြခဲ့သူတွေ၊ ဒါမှမဟုတ် လက္ခဏာ ခပ်ပါးပါးလောက်သာ ပြခဲ့သူတွေ တော်တော်များများမှာ ကိုယ်ခံအား Antibody ဖွဲ့စည်းဖြစ်ပေါ်မှု အတော်လေး နည်းပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း ကိုယ်တိုင် Covidရောဂါ ကူးစက် ခံခဲ့ရဖူးပြီးပြီ ဆိုရင်တောင် အခွင့်အရေး ရလာတာနဲ့ ကာကွယ်ဆေး ထိုးဖို့ တိုက်တွန်းနေကြတာပါ။ ရောဂါဖြစ်လို့ ကိုယ်ခံအား တည်ဆောက်ပြီးသား ဖြစ်နေတဲ့ သူတွေအတွက် အဲဒီ အာနိသင်ကို ပိုကြာရှည်အောင် ဆွဲဆန့်ပေးမယ့် Booster အနေနဲ့ ကာကွယ်ဆေးက တာဝန်ယူပေး နိုင်ပါတယ်။

ဒီတော့ ရောဂါ ဖြစ်ဖူးပြီးသား လူတစ်ယောက်ဆီ ဗိုင်းရပ်စ် ထပ်ပြီး ကူးစက် ဝင်ရောက်လာရင် ကိုယ်ခံအား စနစ်က သိနှင့်နေပါပြီ။ ကာကွယ်ဆေးပါ ထိုးထားလိုက်တဲ့အခါ အဲဒီလို မှတ်သား သိရှိနိုင်တဲ့ အစွမ်းက ပိုအားကောင်းလာပါမယ်။ ဝင်ရောက်လာတဲ့ အဖျက် ဗိုင်းရပ်စ်ပိုးကို လူ့ကိုယ်ခံအား စနစ်က ပြန်အမှတ်ရအောင် ကာကွယ်ဆေးက သတိပေး လှုံ့ဆော်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးထားတဲ့အခါ ရှိရင်းစွဲ ကိုယ်ခံအား စနစ်က ဗိုင်းရပ်စ်ပေါ် မှတ်မိ သိရှိနိုင်စွမ်း ပိုအားကောင်းလာသလို ပိုပြီး အချိန်ကြာကြာ တည်မြဲလာနိုင်ပါတယ်။

နောက်တစ်ချက်က ရောဂါဖြစ်ပြီး ဘယ်လောက် အကြာမှာ ကာကွယ်ဆေး ထိုးရမလဲ ဆိုတာပါ။ ရောဂါဒဏ်က သက်သာလာအောင် အတိုင်းအတာ တစ်ခုလောက် အချိန်ယူဖို့ လိုပါတယ်။ ဒါကြောင့်လည်း သီတင်းပတ် နည်းနည်းလောက် ထပ်စောင့်ပြီးမှ ကာကွယ်ဆေး ထိုးသင့်တယ်လို့ အကြံပြုနေကြတာပါ။ ကာကွယ်ဆေး ထိုးတဲ့ အချိန်မှာ ရောဂါ နောက်ဆက်တွဲ ဘယ်လို လက္ခဏာမှ ကြွင်းကျန်မနေဘဲ အပြည့်အဝ နေကောင်းနေတာမျိုး ဖြစ်သင့်ပါတယ်။

ရောဂါဖြစ်ပြီး ဘယ်လောက်ကြာမှ ကာကွယ်ဆေး ထိုးရမလဲ ဆိုတာကို နိုင်ငံအလိုက် အကြံပြု သတ်မှတ်တာတွေတော့ မတူပါဘူး။ တချို့နိုင်ငံတွေမှာ ၃ လကနေ ၆ လ လောက်ထိ စောင့်ခိုင်းတတ်ပါတယ်။ ဒါကလည်း အဲဒီကာလလောက်ထိ သဘာဝအတိုင်း ထွက်ရှိတဲ့ ကိုယ်ခံအားက တည်မြဲနေပြီး ရောဂါ ထပ်မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ယုံကြည်တာကြောင့်ပါ။ ကာကွယ်ဆေး ပြတ်လပ်မှုတွေ ကြုံလာနိုင်တဲ့ နိုင်ငံတွေမှာဆိုရင် ရောဂါ ဖြစ်ဖူးတဲ့ သူတွေကို ၃ လ၊ ဒါမှမဟုတ် ၆ လလောက်ထိ စောင့်ခိုင်းတတ်ပါတယ်။

သိပ္ပံနည်းကျ လေ့လာမှုတွေ၊ ဇီဝဗေဒဆိုင်ရာ လေ့လာမှုတွေရဲ့ ရှုထောင့်က ကြည့်ရင်တော့ Covid လူနာဟောင်း တစ်ဦးဟာ ရောဂါ ပျောက်ကင်း သက်သာသွားပြီ ဆိုတာနဲ့ ကာကွယ်ဆေး ထိုးလို့ ရပါပြီ။ ဆေးထိုးပြီးပြီးချင်း အချိန်မှာ ရောဂါ ကာကွယ်နိုင်တဲ့ Antibody ကိုယ်ခံအား အတိုင်းအတာ ဘယ်လောက်ထိ ထွက်ပေါ်နေနိုင်သလဲ ဆိုတာကို တိတိကျကျ ပြောလို့ မရပါဘူး။ ဒါကြောင့် Covid လူနာဟောင်းတွေက ရောဂါပျောက်တာနဲ့ ကိုယ်ခံအား အခြေအနေ ဘယ်လိုဘယ်ပုံ ရှိမလဲ ဆိုတာကို Antibody Test စစ်ဆေးဖို့ မထောက်ခံကြတာပါ။ ကိုယ်ခံအား စနစ်နဲ့ ဆေးရဲ့ အာနိသင် ပေါင်းစပ်ထားတဲ့ ကာကွယ်နိုင်စွမ်း အချက်အလက်တွေ သိရအောင် ထပ်စောင့်သင့်ပါတယ်။

နောက်ထပ် မေးခွန်းတစ်ခု ရှိနေပြန်ပါတယ်။ Covid လူနာဟောင်းတွေဆီမှာ သဘာဝအတိုင်း ထွက်ပေါ်နိုင်တဲ့ ကိုယ်ခံအား Antibodyနဲ့ ကာကွယ်ဆေးက ထုတ်ပေးတဲ့ Antibody ဘယ်ဟာက ပိုအားကောင်းသလဲ ဆိုတာပါ။ ရောဂါ ကူးစက် ခံရအပြီး သဘာဝအတိုင်း ထွက်လာတဲ့ ကိုယ်ခံအားက လူတစ်ယောက်ချင်းစီမှာ အခြေအနေတွေ ကွဲပြားပါတယ်။ ဒါကြောင့်လည်း သဘာဝ ကိုယ်ခံအား ပမာဏကို ခန့်မှန်းရတာ အရမ်း ခက်ခဲပါတယ်။

ကာကွယ်ဆေးကျတော့ သတ်မှတ် အချိုးအစား တစ်ခုကို လူတိုင်းအတွက် ထိုးသွင်းပေးလိုက်တာပါ။ လက်တွေ့ အသုံးမပြုခင် ဓာတ်ခွဲ စမ်းသပ်မှုတွေ အများကြီး လုပ်ဆောင်ထားသလို သိပ္ပံနည်းကျ အချက်အလက်တွေ အလျှံအပယ် စုဆောင်း ရရှိထားပြီးသားလို့ သတ်မှတ်နိုင်ပါတယ်။ ဒီတော့ ကာကွယ်ဆေး ထိုးလိုက်ပြီဆိုရင် လူတစ်ယောက်ဟာ ရောဂါကို ခုခံ ကာကွယ်နိုင်တဲ့ ကိုယ်ခံအား လှုံ့ဆော်မှုကို အတိုင်းအတာ တစ်ခုထိ ပိုင်ဆိုင်ထားပြီလို့ အတော်လေး စိတ်ချထားနိုင်ပါပြီ။

နောက်ထပ် စိတ်ဝင်စားစရာ သုတေသန လေ့လာမှု တစ်ခုက ရောဂါ ကူးစက် ခံထားရသူ တစ်ဦးမှာ ထုတ်လုပ်မှု နည်းပညာ မတူတဲ့ ကာကွယ်ဆေး နှစ်မျိုးကို ထိုးပေးတာ ဖြစ်ပါတယ်။ ဒီလို ကာကွယ်ဆေး နှစ်မျိုးကို တစ်လုံးစီ ထိုးပေးတာမျိုးကို Mix and Match Approachလို့ ခေါ်ဝေါ်လေ့ ရှိပါတယ်။ အတည်မပြုသေးပေမယ့် အဲဒီလိုမျိုး နှစ်မျိုးစပ် ကာကွယ်ဆေး ထိုးတာမျိုးက Covid လူနာဟောင်းတွေမှာ သဘာဝအတိုင်း ထွက်ပေါ်လာတဲ့ ကိုယ်ခံအားထက်ရော၊ ဆေးအမျိုးအစား တစ်ခုတည်းကို နှစ်ကြိမ် ထိုးတာထက်ပါ တုံ့ပြန်မှု ပိုအားကောင်းနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ယုံကြည်နေပါတယ်။ ဒါပေမဲ့ အဲဒီ သဘောတရားဟာ စိတ်ဝင်စားစရာ ရှုထောင့် တစ်ခု အနေနဲ့သာ လောလောဆယ် လက်ခံထားပြီး သိပ္ပံနည်းကျ လေ့လာမှုတွေက ထွက်ပေါ်လာမယ့် အချက်အလက်တွေကို စောင့်ရဦးမှာပါ။

လတ်တလောမှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အရေးပေါ် အသုံးပြုခွင့် ပေးထားတဲ့ ကာကွယ်ဆေး အားလုံးဟာ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ Covid ရောဂါကို အရမ်း ပြင်းပြင်းထန်ထန် မခံစားရအောင်၊ ဆေးရုံတက်ရတဲ့ အခြေအနေထိ မရောက်အောင် အတော်ကြီး ထိထိရောက်ရောက် ဟန့်တားပေးနိုင်တယ်လို့ အလေးအနက် ယုံကြည်ရပါတယ်။

ဒါပေမဲ့လည်း ကာကွယ်ဆေးကိုပဲ မျက်စိစုံမှိတ် အားကိုးထားတာမျိုး မဟုတ်ဘဲ နှာခေါင်းစည်း တပ်တာ၊ လူအချင်းချင်း ထိတွေ့မှုကို လျှော့ချတာ၊ ခပ်ခွာခွာနေတာ၊ လက်ကို ပုံမှန် သန့်စင်ဆေးကြောတာ၊ လူစုလူဝေးကို ရှောင်တာမျိုး အခြေခံ ကျန်းမာရေး အကြံပြုချက်တွေကို လိုက်နာဖို့ လိုအပ်နေတုန်းပဲလို့ ယူဆထားကြဆဲပါ။ နိုင်ငံအလိုက် အစိုးရတွေကလည်း ပြည်သူ့ကျန်းမာရေးနဲ့ လိုအပ်တဲ့ မူဝါဒတွေ ချမှတ်ပေးဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး လုံလုံလောက်လောက် မဖြန့်ဝေနိုင်သေးဘဲ ဆေးမထိုးပေးရသေးတဲ့သူတွေ အများကြီး ရှိနေလို့ပါပဲ။

ဒီတော့ ကမ္ဘာကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာ နေထိုင်သူ ဖြစ်ပါစေ၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကို ဆက်ပြီး လိုက်နာ၊ ကာကွယ်ဆေးလည်း ထိုးထားရင် အကောင်းဆုံးပါပဲ။ ဒါမှသာ ကိုယ့်ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းမှာ ရောဂါ ကူးစက် ပျံ့နှံ့မှုနှုန်းကို လျော့ကျသွားစေမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။