Connect with us

Hi, what are you looking for?

ဗီဒီယို

ဆင်းရဲကျပ်တည်းတဲ့ဒဏ် မခံနိုင်လို့ အာဏာသိမ်းတာလို့ ဂီနီယာ အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

စက်တင်ဘာ ၅ ရက်က မြို့တော် ကွန်နက်ကရီမှာရှိတဲ့ သမ္မတ နန်းတော်နဲ့ ဝန်ကြီးဌာန အဆောက်အအုံတွေထဲမှာ သေနတ်သံတွေ ကြားနေခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ အာဏာသိမ်းတဲ့ သတင်းကို ကြားပြီးတဲ့နောက် သမ္မတ ကွန်ဒေးကို ဆန့်ကျင်သူတွေက မြို့တော်ထဲမှာ စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။

ဆင်းရဲကျပ်တည်းမှုနဲ့ အကျင့်ပျက် ခြစားမှုတွေဒဏ်ကို မခံနိုင်လို့ အာဏာသိမ်းခဲ့ကြောင်း ဂီနီယာစစ်တပ်ရဲ့ အထူးတပ်ဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက်က ဂီနီယာစစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ သမ္မတ အယ်လ်ဖာ ကွန်ဒေးကို ဖမ်းဆီးလိုက်ပြီး လွှတ်တော်နဲ့ အခြေခံ ဥပဒေတွေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက် အာဏာသိမ်းမှုကို ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ အကြီးအကဲ မာမာဒီ ဒွမ်ဘူယာက ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်း ပြောသွားပါတယ်။

အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် ကာကွယ် ပြောဆိုရာမှာ ဒွမ်ဘူယာက သူ့စစ်သားတွေဟာ သမ္မတ ကွန်ဒေးလက်ထက် အစိုးရ မူဝါဒတွေကြောင့် ဆင်းရဲ ကျပ်တည်းလွန်းတာကို မခံနိုင်လို့ ပုန်ကန် ဆန့်ကျင်ခဲ့တာလို့ အကြောင်းပြသွားပါတယ်။ ကပ်ရောဂါ ကာလအတွင်း အစိုးရရဲ့ အဂတိ လိုက်စားမှုတွေကလည်း ဆိုးသထက် ဆိုးလာတယ်လို့ သူက ဆိုပါတယ်။

အစိုးရ အဖွဲ့ကိုရော၊ ဖွဲ့စည်းပုံ ဥပဒေကိုပါ ဖျက်သိမ်းကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီး ဖွဲ့စည်းပုံ ဥပဒေသစ်ကို ပြန်လည် ရေးဆွဲသွားမှာ ဖြစ်ကြောင်းလည်း ဒွမ်ဘူယာက ပြောပါတယ်။ လတ်တလောမှာတော့ အာဏာသိမ်း စစ်တပ်က အာဖရိက ဒေသတွင်း တစ်နိုင်ငံလုံးမှာ အရေးပေါ် အခြေအနေ ကြေညာပြီး နယ်စပ် အဝင်အထွက်တွေကိုလည်း ပိတ်ဆို့ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဒွမ်ဘူယာက ဂီနီယာမှာ လူပုဂ္ဂိုလ် တစ်ဦးတည်းကို ဗဟိုပြုတဲ့ နိုင်ငံရေး စနစ်မျိုး အဆုံးသတ်သွားပြီ ဖြစ်ကြောင်း၊ နိုင်ငံရဲ့ အာဏာ အစစ်အမှန်ကို ပြည်သူတွေဆီသာ ပေးအပ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ လတ်တလောမှာတော့ ဒွမ်ဘူယာရဲ့ သစ္စာတော်ခံ စစ်သားတွေက အစိုးရ အဖွဲ့ဝင် ဝန်ကြီးဟောင်းတွေကို ထိန်းသိမ်းထားလိုက်ပါတယ်။

စက်တင်ဘာ ၅ ရက်က မြို့တော် ကွန်နက်ကရီမှာရှိတဲ့ သမ္မတ နန်းတော်နဲ့ ဝန်ကြီးဌာန အဆောက်အအုံတွေထဲမှာ သေနတ်သံတွေ ကြားနေခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ အာဏာသိမ်းတဲ့ သတင်းကို ကြားပြီးတဲ့နောက် သမ္မတ ကွန်ဒေးကို ဆန့်ကျင်သူတွေက မြို့တော်ထဲမှာ စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ဂီနီယာရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အဖမ်းခံထားရသူတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အထူးတပ်ဖွဲ့ တစ်ခုတည်းက အစီအမံချ လုပ်ဆောင်သွားတာဖြစ်ပြီး ဂီနီယာ စစ်တပ်တစ်ခုလုံးရဲ့ သဘောထားကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အခြေအနေတွေ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။