Connect with us

Hi, what are you looking for?

ဗီဒီယို

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်ကို အမေရိကန် ဒုတိယ သမ္မတ သွားရောက်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ဟားရစ်ရဲ့ ခရီးစဉ် မတိုင်ခင် အခုသီတင်းပတ် အစောပိုင်း ကတည်းက ပူးပေါင်း စစ်ရေး လေ့ကျင့်မှု တစ်ခုကို စတင်နေပြီး အဲဒီ အစီအစဉ်ကို အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Ronald Reaganက ဦးဆောင်ခဲ့ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ဟာ တောင်နဲ့မြောက် ကိုရီးယား နယ်စပ်က စစ်မဲ့ဇုန် (DMZ) ဧရိယာကို သွားရောက်ခဲ့ပါတယ်။

ဟားရစ်ဟာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ တောင်ကိုရီးယား နိုင်ငံရဲ့မြို့တော် ဆိုးလ်ကို လေကြောင်းခရီးစဉ်နဲ့ ဆိုက်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ အရှေ့အာရှ ခရီးစဉ်အဖြစ် ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ပြီးနောက် ဟားရစ်က တောင်ကိုရီးယားကို ခရီးဆက်ခဲ့တာပါ။

ဟားရစ်ဟာ ဆိုးလ်မှာ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင် နှစ်ဦးဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်လို ပူးပေါင်း တုံ့ပြန်မလဲ ဆိုတာတွေကို အကျေအလည် ဆွေးနွေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အရ ဟားရစ်ရဲ့ ခရီးစဉ် အတောအတွင်းမှာ ထိုင်ဝမ် ရေလက်ကြားဒေသ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရရဲ့ သဘောထား မူဝါဒတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နောက်တော့ ဟားရစ်ဟာ DMZထိ သွားရောက်ခဲ့ပြီး လုံခြုံရေး တာဝန်ယူထားတဲ့ တောင်ကိုရီးယား စစ်သည်တွေနဲ့ အမေရိကန် စစ်အရာရှိ တချို့ကို တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ မြောက်ကိုရီးယား ထိန်းချုပ်ထားရာ ဧရိယာဖက်ကို မှန်ပြောင်းနဲ့ လှမ်းကြည့်ခဲ့ပါတယ်။ DMZဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန် သမ္မတ၊ ဒုတိယ သမ္မတတွေ သွားရောက်လေ့ရှိတဲ့ နေရာတစ်ခုလို ဖြစ်လာပါတယ်။ အဲဒီနေရာဟာ ကမ္ဘာပေါ်မှာ အစောင့်အကြပ် အထူထပ်ဆုံး နယ်မြေတစ်ခုလို့လည်း သတ်မှတ် ခံရပါတယ်။

Public Service Announcement

Public Service Announcement

ဟားရစ်က အမေရိကန် အစိုးရဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းစေရေး ရည်မှန်းချက်ကိုလည်း မမှိတ်မသုန် ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။ သူ့ခရီးစဉ် မတိုင်ခင် တစ်ရက်အလိုမှာပဲ မြောက်ကိုရီးယားဟာ အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်ကို ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ပါသေးတယ်။ ဒါဟာ ၄ ရက်အတွင်း မြောက်ကိုရီးယားက ဒုံးကျည် ၃ စင်းထိ ပစ်လွှတ်ခဲ့တဲ့ အဓိပ္ပါယ်ပါပဲ။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ဟားရစ်ရဲ့ ခရီးစဉ် မတိုင်ခင် အခုသီတင်းပတ် အစောပိုင်း ကတည်းက ပူးပေါင်း စစ်ရေး လေ့ကျင့်မှု တစ်ခုကို စတင်နေပြီး အဲဒီ အစီအစဉ်ကို အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Ronald Reaganက ဦးဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။