Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဂြိုဟ်သားတွေနဲ့ ဆက်စပ်နိုင်ကြောင်း ထင်ကြေးတွေ အပါအဝင် လေတပ်က ပစ်ချခဲ့တဲ့ အရာတွေရဲ့ ဖြစ်နိုင်ခြေ မှန်သမျှကို လက်ခံထားရမယ်လို့ အမေရိကန် ဗိုလ်ချုပ်ပြော

အမေရိကန်နဲ့ ကနေဒါ အာဏာပိုင်တွေက ပျက်ကျပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေနေဆဲဖြစ်ပြီး လတ်တလောမှာတော့ ဘယ်လို ပစ္စည်းတွေကို ပစ်ချခဲ့သလဲဆိုတာ မပြောနိုင်သေးကြောင်း အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး ဂလန်းဗန်ဟက်ခ်က ဆိုပါတယ်။

မြောက်အမေရိကတိုက် ကောင်းကင်ယံမှာ အမေရိကန်က ပစ်ချခဲ့တယ်ဆိုတဲ့ အမျိုးအမည် မသိ အရာတွေဟာ ဂြိုဟ်သားတွေနဲ့ ဆက်စပ်နိုင်သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေချိန်မှာ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးက အဖြေဟာ ဘယ်အရာမဆို ဖြစ်နိုင်တယ်လို့ တုံ့ပြန် ဖြေကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၈ ရက်တာအတွင်း အမေရိကန် လေတပ်ဟာ အမေရိကန်နဲ့ ကနေဒါ လေပိုင်နက်ထဲ ကျူးကျော်ရောက်ရှိနေတဲ့ အရာဝတ္ထု ၄ ခုကို ပစ်ချထားခဲ့ပါတယ်။ အဲဒီထဲမှာ ပထမဆုံး တစ်ခုကသာ တရုတ်က လွှတ်တင်ထားတဲ့ စပိုင် မိုးပျံပူဖောင်း တစ်လုံးအဖြစ် အမေရိကန်က အတည်ပြုထားပြီး အရွယ်အစား ပိုသေးတယ်ဆိုတဲ့ နောက်ထပ် အရာဝတ္ထု ၃ ခုကိုတော့ ဘယ်လို အရာတွေလဲ ဆိုတာ မထုတ်ပြန်သေးပါဘူး။

အမေရိကန်နဲ့ ကနေဒါ အာဏာပိုင်တွေက ပျက်ကျပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေနေဆဲဖြစ်ပြီး လတ်တလောမှာတော့ ဘယ်လို ပစ္စည်းတွေကို ပစ်ချခဲ့သလဲဆိုတာ မပြောနိုင်သေးကြောင်း အမေရိကန် လေတပ် ဗိုလ်ချုပ်ကြီး ဂလန်းဗန်ဟက်ခ်က ဆိုပါတယ်။

လောလောဆယ် စုံစမ်းစစ်ဆေးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးနဲ့ တန်ပြန် စစ်ထောက်လှမ်းရေး တာဝန်ရှိသူတွေက အဖြေရှာဖို့ တာဝန် လွှဲအပ်ထားပြီး သူ့တစ်ဦးတည်း သဘောထားအရဆိုရင် ဘယ်လို ဖြစ်နိုင်ခြေကိုမဆို ငြင်းပယ်ဦးမှာ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး ဗန်ဟက်ခ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အနေအထားမှာ ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတိုင်း၊ အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတိုင်းအပြင် ကိုယ်မသိသေးတဲ့ အရာတွေ ဖြစ်နိုင်တာကိုပါ ထည့်တွက်ထားဖို့လိုကြောင်း၊ အမေရိကန်ရဲ့ မြောက်ပိုင်း စစ်ဌာနချုပ်နဲ့ မြောက်အမေရိက ဝေဟင်ပိုင်နက် ကာကွယ်ရေး စစ်ဌာနချုပ် အကြီးအကဲလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဗန်ဟက်ခ်က မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန် လေတပ်ဟာ ကောင်းကင်အမြင့်မှာ ပျံသန်းနေတဲ့ အရာ ၄ ခုကို ပစ်ချခဲ့ရာမှာ တရုတ် မိုးပျံပူဖောင်း အပါအဝင် ပထမ ၃ ခုကို F-22 အမျိုးအစား အဆင့်မြင့် လေကြောင်းကာကွယ်ရေး တိုက်လေယာဉ်တွေကို အသုံးပြုခဲ့ပြီး ကနေဒါ-အမေရိကန် နယ်စပ်နားက ဟူရွန်ရေကန်နားမှာ ပျံသန်းနေတဲ့ အရာဝတ္ထုကို ပစ်ချရမှာတော့ F-16 တိုက်လေယာဉ် တစ်စီးကို တာဝန်ပေးခဲ့ပါတယ်။

အဲဒီ နောက်ဆုံးဖြစ်စဉ်မှာ F-16က ပစ်ချခဲ့တာဟာ အနားညီ အဋ္ဌဂံပုံ အရာတစ်ခု တစ်ခုလို့လည်း လေတပ်က ဆိုပါတယ်။ ဗန်ဟက်ခ်က လေတပ်ဟာ အဲဒီပစ္စည်းတွေကို အရာဝတ္ထုလို့ သုံးနှုန်းထားပြီး မိုးပျံပူဖောင်းတွေလို့ မပြောကြောင်း၊ လက်ရှိ အချိန်မှာတော့ အဲဒီ အရာဝတ္ထု သုံးခု ဘာကြောင့် လေထဲမှာ မျောပါ ပျံသန်းနေသလဲ ဆိုတာရယ်၊ ဘယ်ကနေ ရောက်လာသလဲ ဆိုတာရယ်ကို မသိသေးသလို ဖြစ်နိုင်ခြေ အားလုံးကို ထည့်တွက်ထားကြောင်း ဖြေကြားသွားပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာဝတ္ထု (UFO)တွေ၊ ဒါမှမဟုတ် ဂြိုဟ်သားတွေနဲ့ ဆက်စပ်တဲ့ ပန်းကန်ပြားပျံလို အရာတွေကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး အချက်အလက်တွေကို ဆယ်စုနှစ်နဲ့ချီ ကြာမြင့်အောင် သိမ်းဆည်း သိုလှောင်ထားကြောင်း စွပ်စွဲမှုတွေ ကြုံခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရ အသုံးအနှုန်းမှာ အဲဒီလို အရာတွေ တွေ့ရှိမှုကို အမျိုးအမည်မသိ ဝေဟင် ဖြစ်စဉ် (UAP)တွေလို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ အဲဒီလို UAPတွေ ကြုံတွေ့ဖူးကြောင်း ဝန်ခံခဲ့ပေမယ့် ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ ရောက်ရှိနေတယ်ဆိုတဲ့ ဘယ်လို အထောက်အထား မှတ်တမ်းမျိုးမှ မတွေ့သေးဘူးလို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။