Connect with us

Hi, what are you looking for?

ဗီဒီယို

KNLA နဲ့ PDF ပူး​ပေါင်းတိုက်စစ်ဆင်တဲ့အ​ခြေအ​နေ ဘယ်လိုရှိပါသလဲ

KNLA တပ်မဟာ ၅ နယ်မြေဒေသအတွင်းမှာ PDF တပ်ဖွဲ့က KNLA နဲ့ ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်ခဲ့တာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ တပ်မဟာ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စောလကယ်ဒိုက ပြောပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ ဒေသမှာ ဒီဇင်ဘာ ၆ ရက်က စစ်ကောင်စီစစ်ကြောင်းကို KNLAနဲ့ PDF တပ်ဖွဲ့တို့ပူးပေါင်းပြီး ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ဦး သေပြီး ၆ ဦးဒဏ်ရာရသွားတယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
KNLA တပ်မဟာ ၅ နယ်မြေဒေသအတွင်းမှာ PDF တပ်ဖွဲ့က KNLA နဲ့ ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်ခဲ့တာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ တပ်မဟာ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စောလကယ်ဒိုက ပြောပါတယ်။
ကေအဲန်ယူ ဖာပွန်ခရိုင်အတွင်းက စစ်ရေးအခြေအနေ၊ PDF တပ်ဖွဲ့တွေ ပထမဦးဆုံး ပူးပေါင်းပါဝင်တိုက်ခိုက်လာမှု အခြေအနေနဲ့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားလာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး KNLA တပ်မဟာ ၅ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စောလကယ်ဒိုကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

သရက်ချောင်းနယ် ဝင်း၀ဒေသဘက်မှာလည်း တိုက်ပွဲဖြစ်

Facebook